သတင်းများ

မအီမြို့၌ မဟာသင်္ကြန်အကျနေ့ အတာသင်္ကြန်ရေသဘင်ပွဲ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိ
Apr 15,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊  မအီမြို့တွင် မဟာသင်္ကြန်အကျနေ့တွင် မအီမြို့ အ.ထ.ကရှေ့ မြို့မဗဟိုမဏ္ဍပ်နှင့် မအီနယ်မြေရဲစခန်းမိသားစုမှ ကြီးမှူးဖွင့်လှစ်သည့် “မေတ္တာရိပ်” ရေကစားမဏ္ဍပ်တို့၌ ကပြသီဆိုဖျော်ဖြေမှုများဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ရေသဘင်ပွဲကို အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲကြသူများ စည်ကားများပြားလျက် ရှိကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ် ပိတောက်သစ္စာရေကစားမဏ္ဍပ်သို့ ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း တက်ရောက်ကြည့်ရှုအားပေး
Apr 15,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ခုနစ်၊ မြန်မာ့ရိုးရာသင်္ကြန်အကျနေ့ကို အမှတ်(၉)ရပ်ကွက်၊ သစ္စာလမ်းမကြီးရှိ ပိတောက်သစ္စာ ရေကစားမဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာဆက်လက်ကျင်းပခဲ့ရာ ယနေ့မွန်းလွဲ ၃ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့ဝင်များမှ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်(အကြိုနေ့)ကို စည်ကားသိုက်မြိုင်စွာ ဆက်လက်ကျင်းပ
Apr 15,2023
မိတ္ထီလာမြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်(အကြိုနေ့)ကို စည်ကားသိုက်မြိုက်စွာ ဆက်လက် ကျင်းပခဲ့ကြောင်း သိရသည်။
မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကျနေ့၌ ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်အပါအဝင် တိုင်းဒေသကြီးအတွင်းရှိ နေရာအနှံ့အပြားတွင် အထူးပင်စည်ကားလျက်ရှိ
Apr 15,2023
ယနေ့တွင်ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၄-ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကျနေ့နံနက်ပိုင်းအချိန်မှစတင်ကာ ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်အပါအဝင် တိုင်းဒေသကြီးအတွင်းရှိ နေရာအနှံ့အပြားတွင် လမ်းလျှောက်သင်္ကြန် ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များ၊ အတာရေသဘင် ရေကစားမဏ္ဍပ်များနှင့် ရေပက်ခံကားများ၊ အတာရေပက်ဖျန်းသူများ၊ စတုဒီသာကျွေးမွေးလှူဒါန်းကြသူများဖြင့် အထူးပင်စည်ကားလျက် ရှိကြောင်း သိရသည်။
မာန်အောင်မြို့အတာသင်္ကြန် ဗဟိုရေကစားမဏ္ဍပ်တွင် သင်္ကြန်(ပထမ)နေ့အဖြစ် ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစား
Apr 15,2023
ရခိုင်ပြည်နယ် မာန်အောင်မြို့ အတာသင်္ကြန်ဗဟိုရေကစားမဏ္ဍပ်တွင် ယနေ့နံနက် ၁၀ နာရီမှညနေ ၆ နာရီထိ ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားခဲ့ကြသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဌာနဆိုင်ရာရေကစားမဏ္ဍပ်များ၊ စစ်တွေတပ်နယ်ရေကစား မဏ္ဍပ်နှင့် စစ်တွေမြို့လုံးကျွတ်ရခိုင်ရိုးရာ သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲများသို့ လှည့်လည်ကြည့်ရှုအားပေး
Apr 15,2023
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်တို့သည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာ ရေကစားမဏ္ဍပ်များ၊ စစ်တွေတပ်နယ်မှ လေးဝတီရေကစားမဏ္ဍပ်နှင့် စစ်တွေမြို့လုံးကျွတ်ရခိုင်ရိုးရာ သင်္ကြန်ဖျော်ရေးမဏ္ဍပ်ဖွင့်ပွဲများသို့ တက်ရောက်ကြကာ ရေကစားမဏ္ဍပ် များသို့ လှည့်လည်ကြည့်ရှုအားပေးသည်။
တနင်္သာရီမြို့ဘိုးဘွားရိပ်သာရှိ အေးငြိမ်းချမ်းသာတောင်ပေါ်၌“ငြိမ်းအေးချမ်းသာလေးမျက်နှာ” ထိုင်တော်မူဘုရားကြီး အုတ်မြစ်ချမင်္ဂလာ ပြုလုပ်နိုင်ရန် ကြိုတင်ပြင်ဆင်လျက်ရှိ
Apr 15,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့၏ ကျက်သရေဆောင် သဘာဝဘိုးဘွားရိပ်သာ အတွင်းရှိ အေးငြိမ်းချမ်းသာတောင်ပေါ်တွင် တည်ထားကိုးကွယ်မည့် ငြိမ်းအေးချမ်းသာ လေးမျက်နှာ ထိုင်တော်မူဘုရားကြီးအား အုတ်မြစ်ချမင်္ဂလာ အောင်မြင်စွာ ပြုလုပ်နိုင်စေရေးအတွက် ဆရာတော်ဘဒ္ဒန္တသုန္ဒရ ကိုယ်တိုင်ဦးစီးဦးရွက်ပြု၍ ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့ မနက်ပိုင်းမှစ၍ မြေနေရာသန့်စင်ခြင်း၊ ရာဇမတ်ကာရံခြင်းနှင့် ရွှေအုတ်၊ ငွေအုတ်၊ ပတ္တမြားအုတ်များ အုတ်မြစ်ချမည့်နေရာများကို ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ်၌ ၂၀၂၃ ခုနှစ် မဟာသင်္ကြန်အကျနေ့တွင် ရေကစားသူများဖြင့်စည်ကား
Apr 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် နှောင်းတန်ခူးလပြည့်ကျော်(၁၀)ရက် မဟာသင်္ကြန်အကျနေ့တွင် နံနက်ပိုင်းမှစတင်၍ ရေပတ်ခံထွက်သူများ၊ ရေကစားကျသူများဖြင့် စည်ကားများပြားလျက်ရှိသည်။