သတင်းများ

အုတ်ဖိုမြို့နယ်တွင် ၁၃၈၄ ခုနှစ်မဟာသင်္ကြန်အကြတ်နေ့၌ အေးချမ်းပျော်ရွှင်စွာရေကစား
Apr 15,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ၁၃၈၄ ခုနှစ် မဟာသင်္ကြန်အကြတ်နေ့၌ မြို့နယ်အတွင်းရှိ ရေကစားမဏ္ဍပ်များတွင် ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်(အကြတ်နေ့) ရွှေဝါဖူးမဏ္ဍပ်၌ပြည်သူများ ပျော်ရွှင်စွာ လာရောက်ရေကစား
Apr 15,2023
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊မင်္ဂလာဒုံမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (အကြတ်နေ့)ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် ပုလဲ(၃)ရပ်ကွက်၊ အမှတ်(၃)လမ်းရှိရွှေဝါဖူးမဏ္ဍပ်၌ ပြည်သူများပျော်ရွှင်စွာ လာရောက်ရေကစားလျက်ရှိကြောင်း သိရသည်။
မြန်မာ့ရိုးရာ မဟာအတာသင်္ကြန်ပွဲတော် အကျနေ့တောင်ကြီးမြို့၌ စည်ကားအေးချမ်းစွာ ကျင်းပ
Apr 15,2023
၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ မဟာအတာသင်္ကြန်ပွဲတော်ကို ဧပြီ(၁၄)ရက် အကျနေ့ နံနက်(၉)နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ သစ်တောရပ်ကွက် လွှတ်တော်ရုံးလမ်း ရှမ်းပြည်နယ် အစိုးရရုံးရှေ့၌ စည်ကားသိုက်မြိုက်အေးချမ်းစွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ နှစ်သစ်ကူး သင်္ကြန်အကျနေ့ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲသူများဖြင့်စည်ကား
Apr 15,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ မြန်မာတို့ရဲ့ နှစ်သစ်မင်္ဂလာအခါသမယဖြစ်တဲ့ သင်္ကြန်အကျနေ့တွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများ၊ ဗဟိုမဏ္ဍပ်တွင် စတုဒီသာမဏ္ဍပ်များဖြင့် ရေပက်ခံလည်ပတ်သူများ၊  ရေကစားကြသူများဖြင့် အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိသည်။
အင်းလေးရေပေါ်သင်္ကြန်၌ ရေကစားသူများ၊ ခရီးသွားဧည့်သည်များ ပျော်ရွှင်စွာ ရေကစား
Apr 15,2023
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အင်းလေးရေပေါ်သင်္ကြန်တွင် မဟာသင်္ကြန်အကျနေ့၌ ခရီးသွားဧည့်သည်များ၊ ရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
သာပေါင်းမြို့နယ် မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော်(အကျနေ့)ဗဟိုမဏ္ဍပ်နှင့် ရပ်ကွက်မဏ္ဍပ်များတွင် ပျော်ရွှင်စွာကခုန်ရေကစားသူများဖြင့် အထူးစည်းကားလျက်ရှိ
Apr 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်(အကျနေ့) ယမန်နေ့ နံနက် ၈ နာရီအချိန် ဗဟိုမဏ္ဍပ်နှင့်ရပ်ကွက်မဏ္ဍပ်များတွင် ပျော်ရွှင်စွာကခုန်ရေကစားသူများဖြင့် အထူးစည်းကားလျက်ရှိသည်။
သာပေါင်းမြို့နယ် ဓမ္မဗိမာန်ကျောင်းတိုက်၌ မဟာသင်္ကြန်(၅)ရက်တရားစခန်း ဒုတိယနေ့ ကျင်းပ
Apr 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဓမ္မဗိမာန်ကျောင်းတိုက်၌ မဟာသင်္ကြန် (၅)ရက်တရားစခန်းကို ယမန်နေ့ ည ၈ နာရီအချိန်က ဒုတိယနေ့နိဗ္ဗာန်ရောက်ကြောင်း ညချမ်းတရားရေအေး ဟောဖော်ညွှန်ပြလျက်ရှိသည်။
တိုက်ကြီးမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အကျနေ့ ပြည်သူများ ပျော်ရွှင်စွာရေကစားလျက်ရှိ
Apr 15,2023
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ခူးလပြည့်ကျော်(၁၀)ရက် ခရစ်သက္ကရာဇ် ၂ဝ၂၃ ခုနှစ်၊ ဧပြီလ ၁၄ ရက်(သင်္ကြန်အကျနေ့)တွင် ဘူတာရပ်ကွက်၊ တိုက်ကြီးစာတိုက်ရှေ့  ရန်ကုန်-ပြည်လမ်းရှိ ဗဟိုမဏ္ဍပ်၌ ပြည်သူများ ပျော်ရွှင်စွာရေကစားလျက်ရှိကြောင်း သိရသည်။