သာပေါင်း ဧပြီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဓမ္မဗိမာန်ကျောင်းတိုက်၌ မဟာသင်္ကြန် (၅)ရက်တရားစခန်းကို ယမန်နေ့ ည ၈ နာရီအချိန်က ဒုတိယနေ့နိဗ္ဗာန်ရောက်ကြောင်း ညချမ်းတရားရေအေး ဟောဖော်ညွှန်ပြလျက်ရှိသည်။
တောင်ကလေးကျေးရွာအုပ်စု၊တောင်ကလေးကျေးရွာ၊အောင်မင်္ဂလာကျောင်းတိုက်၊သာသနာ့ ဓဇ၊ဓမ္မာစရိယ(BA)၊နယ်လှည့်ဓမ္မကထိက၊ဘဒ္ဒန္တ အရှင်ရေဝရမှ"ပုဂ္ဂိုလ်(၄)မျိုး" တရားခေါင်းစဉ် ဖြင့် မဟာသင်္ကြန်(၅)ရက်တရားစခန်း ဒုတိယနေ့ နိဗ္ဗာန်ရောက်ကြောင်း ညချမ်းတရားရေအေး ဟောဖော်ညွှန်ပြရာ ဗုဒ္ဓသာသာဝင် တရားချစ်ခင် စိတ်ကောင်းဝင်လျက်ရှိကြကုန်သော ဝိပဿနာ ဘာဝနာတရားများကို အေးချမ်းစွာ ကုသိုလ်ပြုတရား အားထုတ်လိုကြသည့် တရားဝင်ယောဂီ အမျိုးသား(၄)ဦး၊အမျိုးသမီးယောဂီ(၃၇)ဦး ပေါင်း(၄၁)ဦးတို့ တရားဝင်လျက်ရှိကြရာ တရားတော် နာ ယောဂီသူတော်ကောင်းအပေါင်းတို့အား တရားရေအေးအမြိုက်ဆေး နေ့စဉ်တိုက်ကျွေး ဟောဖော်ညွှန်ပြဆိုဆုံးမလျက်ရှိကြောင်း သိရသည်။
မျိုးဇော်သိန်း