သတင်းများ

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ပုသိမ်မြို့၊ အတာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ယိမ်းအဖွဲ့များပြိုင်ပွဲဝင်ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေး
Apr 15,2023
၁၃၈၄ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အကျနေ့  ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့ကမ်းနားလမ်းရှုခင်းသာရင်ပြင်ရှိ အတာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် ယိမ်းအဖွဲ့များ ပြိုင်ပွဲဝင်ယှဉ်ပြိုင်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာဆိုင်ရာများ တက်ရောက်ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဒလမြို့နယ်၌ မြန်မာ့ရိုးရာ ယဥ်ကျေးမှုမဟာသင်္ကြန် ပွဲတော်(အကြတ်နေ့) ဗဟိုမဏ္ဍပ်တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွဲလျက်ရှိ
Apr 15,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ရေကစားကြသူများ၊ ရေပက်ခံထွက်ကြသူများအား သင်္ကြန်ယိမ်းအကအလှများဖြင့် ကပြဖျော်ဖြေခြင်း၊ အဆိုတော်များမှ သင်္ကြန်တေးသီချင်းများနှင့် ခေတ်ပေါ်တေးသီချင်းများဖြင့် ဖျော်ဖြေ တင်ဆက်ခြင်း၊ DJ Music များဖြင့် ဖျော်ဖြေမှုများကို ပြည်သူများအေးချမ်းပျော်ရွှင်စွာ လာရောက်ပါဝင် ဆင်နွှဲလျက်ရှိကြောင်းသိရသည်။
ကျောက်တန်းမြို့နယ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်(အကြတ်နေ့)၌ ပြည်သူများ​ ​ပျော်ရွှင်စွာရေကစားလျက်ရှိ
Apr 15,2023
ရန်ကုန်တိုင်းဒေသကြီး၊​ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ရေကစားကြသူများ၊ ရေပတ်ခံထွက်ကြသူများဖြင့် အေးချမ်း​ပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိရာ မြို့နယ်မဏ္ဍပ်တွင်လည်း ယိမ်းအကအလှများဖြင့် ကပြ​ဖျော်​ဖြေခြင်း၊ ရေကစားကြခြင်းဖြင့် မဟာသင်္ကြန်ပွဲ​တော် သင်္ကြန်အကြတ်​နေ့ကိုလည်းအေးချမ်း​ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိ​ကြကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်တွင်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် သင်္ကြန်အကျနေ့ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိ
Apr 15,2023
မြန်မာတို့၏ရိုးရာယဥ်ကျေးမှု အမွေအနှစ်ဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ကို အစဥ်အလာမပျက် ပြည်သူများ ပျော်ရွှင်စွာ ရေကစားနိုင်ရေးတို့အတွက် တနင်္သာရီဒေသကြီး ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီးဦးဆောင်ပြုကာ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့တွင် မြို့နယ်မဏ္ဍပ်၌ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်းသိရသည်။
သံတွဲမြို့တွင် မဟာသင်္ကြန်အကြတ်နေ့၌ ရေကစားသူများဖြင့် အထူးစည်ကား
Apr 15,2023
ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ မဟာသင်္ကြန်အကျနေ့တွင် ရခိုင်ရိုးရာရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များနှင့် ငပလီကမ်းခြေတို့တွင် ယနေ့နံနက်ပိုင်းမှစ၍ အထူးစည်ကားလျက် ရှိကြောင်းသိရသည်။
မြောင်းမြမြို့နယ်၌ မြန်မာ့ရိုးရာ မဟာသင်္ကြန် အကြတ်နေ့ ယိမ်းအကများ၊  ရေကစားသူများ၊ စတုဒီသာကျွေးသူများဖြင့် စည်ကားလျက်ရှိ
Apr 15,2023
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန် အကြတ်နေ့ တွင်   ဖျော်ဖြေရေးများ၊ စတုဒီသာကျွေးသူများ၊  ရေပက်ခံထွက် ရေကစားသူများဖြင့် ပြည်သူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲ စည်ကားလျက်ရှိကြောင်း သိရသည်။
ကျောက်ကြီးမြို့ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲ(အကြတ်နေ့) ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစား
Apr 15,2023
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့တွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲ(အကြတ်နေ့) ယနေ့ နံနက်ပိုင်း၌ ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်း သိရသည်။
အောင်လံမြို့၌ သင်္ကြန်အကျနေ့ အေးချမ်းပျော်ရွှင်စွာရေကစားလျက်ရှိ
Apr 15,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် အောင်လံမြို့၌ သင်္ကြန်အကျနေ့ နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် ဗဟိုမဏ္ဍပ်၌ အေးချမ်းပျော်ရွှင်စွာရေကစားလျက်ရှိရာ ဗဟိုမဏ္ဍပ်သို့ လာရောက်ရေကစားကြသည့် ပြည်သူများအား ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာရှင်အလှူရှင်များမှ စတုဒီသာကျွေးမွေး ဧည့်ခံလျက်ရှိသည်။