မိုးနဲမြို့နယ်၌ မြန်မာ့ရိုးရာအတာသင်္ကြန် ယိမ်းအကအလှပြိုင်ပွဲကျင်းပ
Apr 15,2023
ရှမ်းပြည်နယ်(တောင်ပိုင်)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ဥယျာဥ်ရပ်ကွက် ဌာနစုပေါင်းရုံး မြက်ခင်းကွင်းပြင်နေရာ၌ မြန်မာ့ရိုးရာအတာသင်္ကြန် ယိမ်းအကအလှပြိုင်ပွဲကို ယမန်နေ့ ည ၇ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး သင်္ကြန်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်းသိရသည်။