သာပေါင်း ဧပြီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်(အကျနေ့) ယမန်နေ့ နံနက် ၈ နာရီအချိန် ဗဟိုမဏ္ဍပ်နှင့်ရပ်ကွက်မဏ္ဍပ်များတွင် ပျော်ရွှင်စွာကခုန်ရေကစားသူများဖြင့် အထူးစည်းကားလျက်ရှိသည်။
မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် သင်္ကြန်ယိမ်းအကအလှများဖြင့် ကပြဖျော်ဖြေခြင်း၊ ရပ်ကွက်ရေကစားမဏ္ဍပ်များတွင် လာရောက်ပါဝင်ဆင်နွှဲသူများအား သင်္ကြန်တေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ စတုဒိသာ မြန်မာ့ရိုးရာမုန့်များ ကျွေးမွေးဧည့်ခံခြင်း၊ DJ တေးဂီတများဖြင့် နံနက် ၈ နာရီမှ နေ့လယ် ၁၂ နာရီအချိန်အထိ၊ ညနေ ၃ နာရီမှ ၆ နာရီအထိ ရေပတ်ဖြန်းဖျော်ဖြေမှုပေးကြရာ သင်္ကြန်ချစ်သူ လူငယ်လူရွယ်များ အေးချမ်းပျော်ရွှင် စည်ကားသိုက်မြိုက်စွာ လာရောက်ပါဝင်ဆင်နွှဲ ရေကစားလျက်ရှိကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်