တိုက်ကြီး ဧပြီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ခူးလပြည့်ကျော်(၁၀)ရက် ခရစ်သက္ကရာဇ် ၂ဝ၂၃ ခုနှစ်၊ ဧပြီလ ၁၄ ရက်(သင်္ကြန်အကျနေ့)တွင် ဘူတာရပ်ကွက်၊ တိုက်ကြီးစာတိုက်ရှေ့ ရန်ကုန်-ပြည်လမ်းရှိ ဗဟိုမဏ္ဍပ်၌ ပြည်သူများ ပျော်ရွှင်စွာရေကစားလျက်ရှိကြောင်း သိရသည်။
ထိုသို့ ပြည်သူများ ပျော်ရွှင်စွာ ရေကစားလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများက တက်ရောက်ကြည့်ရှုအားပေးရာ ရပ်ကွက်/ ကျေးရွာများမှ ယိမ်းအဖွဲ့(၇)ဖွဲ့မှ အလှည့်ကျကပြဖျော်ဖြေခြင်း၊ ခေတ်ပေါ်တေးဂီတအဖွဲ့များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြပြီး မဏ္ဍပ်သို့လာရောက်ကြည့်ရှုသူ ပြည်သူများအား စတုဒိသာများ ကျွေးမွေးခဲ့ကြောင်းသိရသည်။
စန်းကလျာခိုင် (ပြန် / ဆက်)