တောင်ကြီး ဧပြီ ၁၄
၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ မဟာအတာသင်္ကြန်ပွဲတော်ကို ဧပြီ(၁၄)ရက် အကျနေ့ နံနက်(၉)နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ သစ်တောရပ်ကွက် လွှတ်တော်ရုံးလမ်း ရှမ်းပြည်နယ် အစိုးရရုံးရှေ့၌ စည်ကားသိုက်မြိုက်အေးချမ်းစွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
မြန်မာ့ရိုးရာ မဟာအတာသင်္ကြန်အကျနေ့တွင် တောင်ကြီးမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ် ကျောင်များမှ ယိမ်းအဖွဲ့များ ၊ရပ်ကွက်အသီးသီးရှိ ယိမ်းအဖွဲ့များ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ရွှေနေကြာယိမ်းအဖွဲ့များ အသီးသီးပါဝင်ယှဉ်ပြိုင်နေမှုနှင့် တေးဂီတအဆိုများဖြင့် ဖျော်နေမှုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တာဝန်ရှိသူများမှ ကြည့်ရှုအားပေးကြကြောင်းသိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့ ဗိုလ်ချုပ်လမ်း မြို့မဈေးအနီးရှိ တောင်ကြီးအတာသင်္ကြန်မဏ္ဍပ်သို့ တက်ရောက်ချီးမြှင့်ရာ တေးဂီတအဆိုတော်များ၊ ယိမ်းအကအဖွဲ့များ ဖျော်ဖြေတင်ဆင်နေမှုကို ကြည့်ရူအားပေးပြီး ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကျနေ့တောင်ကြီးမြို့တွင် ဒေသခံပြည်သူများ ရေပက်ခံမော်တော်ယာဉ်များဖြင့် စည်ကားသိုက်မြိုက် အေးချမ်းစွာ ပါဝင်ဆင်နွှဲကြောင်း သိရှိရသည်။
မောင်မောင်သန်း (တောင်ကြီး)