မြို့သစ်မြို့နယ် (Community Centre) တွင် စာဖတ်ဝိုင်းပြုလုပ်
Apr 20,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာပေ ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ ကောင်းမြတ်၏ “ပွင့်သောပန်းတိုင်း မွှေးစေလို” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။