သတင်းများ

တောင်ငူမြို့ ကျက်သရေဆောင် သမိုင်းဝင်ရွှေဆံတော်မြတ်ကြီး (၄၄၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် စွယ်တော်မြတ်(၂)ဆူအား လှည့်လည်ပူဇော်ပွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Apr 20,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၏ ကျက်သရေဆောင် သမိုင်းဝင်ရွှေဆံတော် စေတီတော်မြတ်ကြီး၏ ၁၃၈၅ ခုနှစ်၊ ဘုရားအနေကဇာတင်၊ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ (၄၅၅)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် စွယ်တော်မြတ်(၂)ဆူအား လှည့်လည်ပူဇော်ပွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်(၁)နာရီအချိန်က ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပကရုံးခန်း၌ ကျင်းပခဲ့သည်။
ဘုတ်ပြင်းမြို့  ကမာချောင်ကျေးရွာရှိ ဝိမုတ္တိသုခ ဆုတောင်းပြည့်စေတီတော်  ရွှေထီးတော် တင်လှူပူဇော်ပွဲနှင့်ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ပွဲကျင်းပ
Apr 20,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ ကမာချောင်းကျေးရွာအုပ်စု ကမာချောင်း ကမ်း‌ခြေရှိ မဟာအောင်မြေတွင် တည်ထားလျက်ရှိသော ဝိမုတ္တိသုခ ဆုတောင်းပြည့်စေတီတော်အား  စိန်ဖူးတော်၊ရွှေထီးတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ပွဲကို မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ကဆုန်လဆန်း(၁)ရက်နေ့ ၂၀၂၃ ခုနှစ် ဧပြီလ ၁၉ ရက်နေ့ နံနက်က  တင်လှူပူဇော်ခဲ့ကြောင်းသိရသည်။
မိုင်းဖုန်းဆရာတော် နမ့်ခမ်းမြို့ရှိ နမ့်တီးတောကျောင်းတွင် ထီးတော်တင်ပွဲအခမ်းအနား တက်ရောက်
Apr 20,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ နမ့်တီးတောကျောင်းရှိ အနိမိတ္တစေတီအား ယမန်နေ့နံနက် ၁၀ နာရီအချိန်က ထီးတော်တင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌  Book Club အဖွဲ့ဝင်များဖြင့် 
Apr 20,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း  (Book Club) အဖွဲ့ဝင်များ နှင့်ပူးပေါင်း၍ စာရေးဆရာ ကျော်ကျော်လှိုင် ရေးသားသည့် “နှလုံးသားကိုဖြူစင်အောင်ထားပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ (၆/၂၀၂၃)လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Apr 20,2023
နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ (၆/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
မိုင်းတုံ၌ (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲ ဆုပေးပွဲကျင်းပ
Apr 20,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲတွင် ဆုရရှိခဲ့သော ကျောင်းသား/ကျောင်းသူများအား ဆုပေးပွဲအခမ်းအနားကို ယ‌မန်နေ့ နံနက်ပိုင်းက အ.ထ.က မိုင်းတုံကျောင်းဝန်းရှိ နီလာဆောင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်ဖြူခရိုင် အဆင့်ဌာနဆိုင်ရာများမှ ကျောက်ဖြူဘိုးဘွားရိပ်သာရှိ အဘိုး၊အဘွားများအတွက် လစဉ်အလှူငွေများ ထောက်ပံ့လှူဒါန်း
Apr 20,2023
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ခရိုင်အဆင့်ဌာနဆိုင်ရာများ စုပေါင်း၍ ကျောက်ဖြူဘိုးဘွားရိပ်သာရှိ အဘိုး၊အဖွားများအတွက် လစဉ်အလှူငွေများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် ဘိုးဘွားရိပ်သာ အထောက်အကူပြုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ 
ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ နွေရာသီးကျောင်းပိတ်ရက် မော်ဒန်ပန်းချီရေးဆွဲနည်းသင်တန်း အခမဲ့ ဖွင့်လှစ်သင်ကြား
Apr 20,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ကျောင်းသား၊ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်စေရန် နွေရာသီ ကျောင်းပိတ်ရက် အခမဲ့ မော်ဒန်ပန်းချီရေးဆွဲနည်းသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉နာရီက ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။