သတင်းများ

ဒေးဒရဲမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး စီမံကိန်းတာဝန်ပေးအပ်ပွဲကျင်းပ
Apr 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး စီမံကိန်းတာဝန် ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းယုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ
Apr 20,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Book Club နှင့် Youth Club တို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “ရွှေဖိနပ် ရှပ်တိုက်စီး” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Apr 20,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ နွေရာသီတွင် ကလးသူငယ်များ ယဉ်ကျေးလိမ္မာစေရန်၊ ဗလ(၅)တန်ဖွံ့ဖြိုးတိုးတက်ရေးရန်နှင့် ပြည်သူ့နီတိများကိုလိုက်နာ၍ ယဉ်ကျေးသိမ်မွေ့စေရန်အတွက် ယဉ်ကျေးလိမ္မာသင်တန်းကို ယနေ့ နံနက် ၁၀နာရီအချိန်က လူထူအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့သည်။
ရေပုတ်ကြီးကျေးရွာ ရွာဦးကန်တော်ကြီး တိမ်ကောနေမှုအား ရွာသူရွာသားများ၊ ပြန်လည်တူးဖော်
Apr 20,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာရှိ ရွာဦးကန်တော်ကြီး တိမ်ကောနေမှုအား ရွာသူ၊ ရွာသားများ ပြန်လည် တူးဖော်လျက်ရှိကြောင်း ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးစိန်ဌေးထံမှ သိရသည်။
လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့် အသိပညာပေး(Talk Show)ကျင်းပ
Apr 20,2023
အများပြည်သူများ အသိပညာများ ပိုမိုရရှိကာ လေ့လာနိုင်ရန်အတွက် (Online)မှတစ်ဆင့် အသိပညာပေး လုပ်ငန်းများအဖြစ် တင်ပြဆွေးနွေးဆောင်ရွက်ပေးလျက်ရှိရာ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် ဧပြီလ(၂၀)ရက်နေ့က “လူငယ်နှင့် နည်းပညာ” ခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show) ပြုလုပ်ဆောင်ရွက်ခဲ့ သည်။
ပင်လောင်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်
Apr 20,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယာယီနေရပ်စွန့်ခွာပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို စင်းတောင်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ယနေ့နံနက်ပိုင်းက သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိုပန်၌ ရေရှားပါးသည့် ရပ်ကွက်များသို့ မီးသတ်ကားဖြင့် ရေလှူဒါန်း
Apr 20,2023
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၌ ရေရှားပါးသည့် ရပ်ကွက်များသို့ ရေလှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မိန်းပန်း “ဝ” ရပ်ကွက်တွင် ပြုလုပ်ခဲ့ပါသည်။
ပုဗ္ဗသီရိမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်
Apr 20,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ရွာ​တော်ကျေးရွာအုပ်စု၊ အမှတ်(၃) အခြေ ခံပညာ အထက်တန်းကျောင်း၌ နွေရာသီကျောင်းပိတ်ရက် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။