သတင်းများ

လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် သဘာဝပတ်ဝန်းကျင်နှင့် ကြွပ်ကြွပ်အိတ်ခေါင်းစဉ်ဖြင့် Talk Show ကျင်းပ
Apr 20,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက သဘာဝပတ်ဝန်းကျင်နှင့် ကြွပ်ကြွပ်အိတ်ခေါင်းစဉ်ဖြင့် Talk Show ကျင်းပခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေနှင့် စပ်လျဉ်း၍ဘဏ္ဍာရေးစည်မျဉ်း၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများအား ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားတက်ရောက်
Apr 20,2023
နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးစည်းမျဉ်း၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများအား ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (ရုံးချုပ်)မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လွင်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ခန္တီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက် ရောက်ကြသည်။
မအူပင်မြို့တွင် မြို့နယ်အဆင့်ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Apr 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် မြို့နယ်အဆင့်ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဖွင့်ပွဲအခမ်းအနားကို ဧပြီ ၂၀ ရက်၊ နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမတွင်ကျင်းပပြုလုပ်သည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း နေပြည်တော်အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်၌ အင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံသင်တန်းများ ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Apr 20,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နွေရာသီကျောင်းပိတ်ရက်အတွင်း အင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံသင်တန်းများ ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
သရက်ချောင်းမြို့တွင် ကမ္မစာဝါရွတ်ဖတ်ခြင်းနှင့် အန္တရာယ်ကင်း ပရိတ်တရားတော်များ မြို့တွင်း၌ လှည့်လည်ရွတ်ဖတ်ပူဇော်
Apr 20,2023
နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ရောက်ရှိလာပြီဖြစ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ရက်နေ့နှင့် ၂ရက်နေ့ တို့တွင်  ဆရာတော်သံဃာတော်များနှင့် ဥပဒကာများက မြို့တွင်းသို့ လှည့်လည်၍ ကမ္မစာဝါရွတ်ဖတ်ခြင်းနှင့် အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။
ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်း ဆောင်ရွက်
Apr 20,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက်  ၁၀ နာရီအချိန်က ပလောက်မြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားထပ်ဆင့် လွှင့်စက်ရုံသို့  သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်တွင် အသက် ၈၀ နှစ်အထက် အဘိုးအဘွား ၄၁ ဦးအားပူဇော်ကန်တော့ပွဲ ပြုလုပ်
Apr 20,2023
ပုဗ္ဗသီရိမြို့နယ် ဇဝနဒီပရပ်ကွက်အတွင်းရှိ အသက် ၈၀ နှစ်အထက် အဘိုးအဘွား ၄၁ ဦးအားပူဇော် ကန်တော့ပွဲကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
သံတောင်ကြီးမြို့  ဇိုင်းယာန်းနှစ်ခြင်း ဘုရားကျောင်းတွင် နွေရာသီ ဓမ္မပညာသင်တန်း ဖွင့်လှစ်
Apr 20,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့ ဇိုင်းယာနှစ်ခြင်းဘုရားကျောင်း ဓမ္မပညာဆရာမများက ဦးဆောင်၍  ကလေးသူငယ်များ နွေရာသီ အားလပ်ရက်များတွင်  ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်များတွင် အချိန်ကို တန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ ထူးချွန်ထက်မြက်သည့် ကလေးသူငယ်များဖြစ်စေရန်အတွက် နွေရာသီ ဓမ္မပညာသင်တန်းဖွင့်လှစ် ခြင်းကို  ယနေ့နံနက်(၉)နာရီအချိန်က ဇိုင်းယာန်းနှစ်ခြင်းဘုရားကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ ကြောင်း သိရသည်။