ပုဗ္ဗသီရိ ဧပြီ ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သပြေတန်းကျေးရွာအုပ်စု၌ ပြည်သူများ စျေးနှုန်းသက်သာစွာ ဆီဝယ်ယူနိုင်ရေးအတွက် နေပြည်တော် ဆီလုပ်ငန်းရှင်များအသင်းမှ ယနေ့နံနက်ပိုင်းက ဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခြင်းကို မြန်မာနိုင်ငံစားသုံးသူ ရေးရာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ထက်အာကာ ဆန်နှင့် ဆီရောင်းဝယ်ရေးမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများပူးပေါင်း၍ သပြေတန်းကျေးရွာရှိ အိမ်ထောင်စု ၁၂၀၀ အား တစ်အိမ်ထောင်လျှင် စားအုန်းဆီတစ်ပိဿာ ၅၂၀၀ ကျပ်နှုန်းဖြင့် စားအုန်းဆီ ၁၂၀၀ ပိဿာအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
သန္တာလင်း(ပုဗ္ဗသီရိ)