တပ်ကုန်းမြို့၌ နွေရာသီကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ကျင်းပ
Apr 20,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အေးချမ်းသာစံပြကျေးရွာအုပ်စု၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲကို ဧပြီ ၁၈ ရက် ညနေ ၄ နာရီက အဆိုပါကျေးရွာရှိ လူငယ်အားကစားကွင်းတွင် အေးချမ်းသာစံပြကျေးရွာအသင်းနှင့် ဂွေ့ကြီး ကျေးရွာအသင်းတို့ ကွင်းဖွင့်လှစ် ယှဉ်ပြိုင်ကစားခဲ့ကြရာ အေးချမ်းသာစံပြကျေးရွာ ဘောလုံးအသင်းက ဂွေ့ကြီးကျေးရွာဘောလုံးအသင်းကို ၃ ဂိုး၊ ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။