သတင်းများ

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၃၁၁ ဦး  မြဝတီ အမှတ်(၂)ချစ်ကြည်ရေး တံတားမှတစ်ဆင့် ဆက်လက်ဝင်ရောက်
Apr 20,2023
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့်  ပြန်လည်ကြိုဆိုလက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက်ပေးလျက်ရှိရာ ဧ​ပြီလ ၂၀ ရက်နေ့က ၃၁၁ ဦး ဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့်  ပြန်လည်ကြိုဆိုလက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက်ပေးလျက်ရှိရာ ဧ​ပြီလ ၂၀ ရက်နေ့က ၃၁၁ ဦး ဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
မလှိုင်မြို့နယ်၌ ၂၀၂၃ - ၂၀၂၄ ခုဘဏ္ဍာရေးနှစ် ( CFL – 1) ယစ်မျိုးလိုင်စင်အမျိုးအစား  လေလံရောင်းချပွဲ ကျင်းပ
Apr 20,2023
၂၀၂၃ - ၂၀၂၄ ခုဘဏ္ဍာရေးနှစ် မလှိုင်မြို့နယ်၏ (CFL – 1 )ယစ်မျိုးလိုင်စင်အမျိုးအစား လေလံရောင်းချပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကံမမြို့နယ် ရွာသစ်ကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Apr 20,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်  ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ် ၁ နာရီက ကံမမြို့နယ် ခြောက်ပင်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး  ကိစ္စရပ်များအား တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကံမမြို့၌  FDA မှ စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသော စားသောက်ကုန်များ ရောင်းချနေမှု ရှိ၊ မရှိနှင့် ဈေးကွက်အတွင်း လက်ကျန်မရှိစေရေး ကွင်းဆင်းစစ်ဆေး
Apr 20,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ စည်ပင်သာယာမြို့မဈေးအတွင်းနှင့် မြို့ပေါ်ရပ်ကွက်များရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော စားသောက်ကုန်များအနက် FDA မှ စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသော စားသောက်ကုန်များ ရောင်းချနေမှု ရှိ၊ မရှိနှင့် ဈေးကွက်အတွင်း လက်ကျန်မရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
မောက်မယ်မြို့နယ်မှ အကြော်စုံများ လူကြိုက်များပြီး ရောင်းအားကောင်း
Apr 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စျေးတန်းရပ်ကွက်ရှိ အကြော်စုံလုပ်ငန်းလုပ်ကိုင်သူများ  တစ်ပိုင်တစ်နိုင်လုပ်ကိုင်ရာမှ လူကြိုက်များပြီး ရောင်းအားကောင်းသဖြင့် စီးပွားဖြစ် စတင်လုပ်ကိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ရေဖြူမြို့ လူထုအခြေပြုဗဟိုဌာနတွင် နေ့စဥ်သုံး အင်္ဂလိပ်စကားပြောသင်တန်း ဖွင့်လှစ်
Apr 20,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကလေးငယ်များနွေရာသီကျောင်းပိတ်ရက်အတွင်း ပညာဗဟုသုတရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉နာရီက နေ့စဥ်သုံးအင်္ဂလိပ်စကားပြောသင်တန်း စတင်ဖွင့်လှစ်ကြောင်းသိရသည်။
သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် စကောကရင်ကဗျာရွတ်ပြိုင်ပွဲပြုလုပ်
Apr 20,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က ကျောင်းသူ/ကျောင်းသား ပြိုင်ပွဲများပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ” အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်
Apr 20,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို  ယမန်နေ့နံနက် ၁၀  နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။