မန့်ဟီးရိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

မန့်ဟီးရိုး ဧပြီ ၂၀

လူငယ်များ၏ အနာဂတ်လမ်းများ မပျောက်စေရန်၊ စာဖတ်အားကောင်းစေရန်နှင့် အချင်းချင်း အပြန်အလှန်ဆွေးနွေးတိုင်ပင်တတ်လာစေရန် ရည်ရွယ်ပြီး စာရေးဆရာ ဖေမြင့်ရေးသားသော “တန်ဖိုးထားအပ်သောအရာများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း၌ ယမန်နေ့ နံနက် ၁၀:၃၀ နာရီအချိန်က စာပေချစ်သူအဖွဲ့ဝင်များဖြင့် ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြိုဦးစီးမှူး ဒေါ်မာမာအောင်က စာဖတ်ဝိုင်းကျင်းပပြုလုပ် ဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စာပေချစ်သူ အဖွဲ့ဝင်များဖြစ်သော ဒေါ်မိုးမိုးက “အဆုံးအဖြတ်ပေးတတ်သူ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးတင်းမျိုးအေးက  “နေတတ်တဲ့လူ “ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးဖတ်ကြားခဲ့ကြပြီး  စာပေ ချစ်သူများအဖွဲ့ ဝင်များအချင်းချင်း ပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။                            

ယင်းနောက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း ခင်းကျင်းပြသ သုတ/ရသ စာအုပ်စာစောင်များကို စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မန့်ဟီးရိုး(ပြန်/ဆက်)