တပ်ကုန်း ဧပြီ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာတွင် သက်ကြီးပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အောင်ပွဲ အထိမ်းအမှတ် အထူးဓမ္မသဘင်ပွဲကို ယမန်နေ့ ည ၇ နာရီက အဆိုပါကျေးရွာတွင် ယာယီမဏ္ဍပ်ဖြင့် တရားပွဲကျင်းပခဲ့သည်။
အဆိုပါကျေးရွာ ပထမညတရားပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၁၀)ရပ်ကွက်၊ ဝိဇ္ဇာလင်္ကာကျောင်းတိုက်၊ ထားဝယ်ကံပေါက်ဆရာတော် အရှင်ဘဒ္ဒန္တ သံဝရအရှင်သူမြတ်က “နောင်ကြိုးကင်းတဲ့ မောင်တိတ်သ” တရားတော်ဖြင့် တရားရေအေးတိုက်ကျွေးခဲ့ရာ တရားနာပရိသတ် ၄၅၀ ဦးခန့် တက်ရောက်နာယူခဲ့ပြီး၊ ဧပြီ ၂၀ ရက် ဒုတိယညတရားပွဲကို ည ၇ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျောက်စရစ်ကုန်း ကျေးရွာအုပ်စု၊ ကျောက်စရစ်ကုန်းကျေးရွာ သီရိရတနာ ကျောင်းတိုက်၊ ဘုန်းတော်ကြီးသင်ပညာရေးနှင့် လူငယ်ဖွံ့ဖြိုးရေးပရဟိတမိဘမဲ့ ဂေဟာကျောင်းတိုက်၊ D.T.E.C ကျောင်းအုပ်၊ B.A.M.A (Orienta Studies) သာသနဓဇဓမ္မာစရိယ၊ မဟာသဒ္ဓမ္မဇောတိကဓဇ အရှင်ဘဒ္ဒန္တထေရိန္ဒဆရာတော်၊ ဧပြီ ၂၁ ရက် တတိယညတရားပွဲကို ည ၇ နာရီတွင် နွယ်ရစ်ကျေးရွာအုပ်စု၊ နွယ်ရစ်ကျေးရွာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုန္ဒရတို့က တရားရေအေးတိုက်ကျွေးမည် ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်