သတင်းများ

အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ စာပေဆွေးနွေးပွဲကျင်းပ
Apr 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေမှရရှိသည့် ဗဟုသုတများစွာရရှိစေရန်နှင့် စာပေကိုပိုမိုရင်းနှီးကျွမ်းဝင်မှုရရှိစေရန်ရည်ရွယ်၍ စာပေဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပသည်။
ဇလွန်မြို့နယ်တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်ပွဲအခမ်းအနား ကျင်းပ
Apr 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင်မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်း‌မြေဩဇာ‌ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ဖက်သောင်ကျေးရွာအုပ်စု တောင်သူဦးရွှေထူး၏ လယ်မြေ ၁၀ ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဘူးသီးတောင်မြို့ လူထုအခြေပြုဗဟိုဌာန၌ အပူဒဏ်အန္တရာယ်အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်
Apr 24,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်လူရွယ်များအား နွေရာသီကာလ ရာသီဥတု ပူပြင်းလာပြီဖြစ်သည့် အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ပြည်မြို့နွေရာသီလူငယ်ကင်းထောက်သင်တန်းဖွင့်ပွဲသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်အားပေးထောက်ပံ့ချီးမြှင့်
Apr 24,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူးနှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပြည်မြို့အ.ထ.က(၁)သီရိရတနာခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် “နွေရာသီလူငယ်ကင်းထောက်သင်တန်း”ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေး ထောက်ပံ့ချီးမြှင့်သည်။
ရေဖြူမြို့နယ်တွင် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Apr 24,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ မီးသတ်ဦးစီးဌာနနှင့် ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် (191) စတေကာများကပ်ခြင်းကို ယမန်နေ့နံနက် ၇ နာရီခွဲက ရေဖြူမြို့၊ မြို့နယ်စည်ပင်သာယာစျေးနှင့် မြို့မရဲစခန်းရှေ့တို့တွင် ဆောင်ရွက်ခဲ့သည်။
မိတ္ထီလာမြို့ ဝန်ဇင်းရပ်ကွက်တွင် ခြင်ဆေးခွေမီးထွန်းထားရာမှ မီးလောင်မှုဖြစ်ပွား
Apr 24,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ဝန်ဇင်းရပ်ကွက်တွင် ယမန်နေ့ ည ၇ နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း၌ အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဥ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲကျင်းပ
Apr 24,2023
ပညာ​ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တို့ ပူးပေါင်းစီစဥ်ပြီး၊ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်မှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံလေကြောင်းလူငယ်သင်တန်း (အငယ်တန်းအဆင့်) အမှတ်စဥ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲကို ဧပြီ (၂၄) ရက်နေ့၊ နံနက် (၉) နာရီအချိန်က ဟုမ္မလင်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ် တပ်နယ်မှူး ဗိုလ်မှူးချုပ်သိန်းထွန်းဦးနှင့်ဇနီး၊ ခရိုင်စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဋ္ဌဦးရဲဝင်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းဇော်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဟုမ္မလင်းလေးတပ်စခန်းဌာနချုပ်ရဲမေများ၊ အမှတ်(၁၉)တပ်မတော်ဆေးရုံ (ခုတင်-၁၀၀)၊ အမှတ်(၂၂၂)ခြေလျင်တပ်ရင်း ရဲမေများ၊ အမှတ်(၂၆၉)ခြေမြန်တပ်ရင်းနှင့် အမှတ်(၃၇၀)တပ်ရင်းမှရဲမေများ၊ မိခင်နှင့်ကလေး စောင့်ရှောက်အသင်းနှင့်အမျိုးသမီးရေး ရာအဖွဲ့ဝင်များ၊ မြို့မိ၊မြို့ဖများ၊ ကျောင်းသားမိဘများ စုစုပေါင်း (၂၅၀) ဦးခန့်တက်ရောက်ခဲ့ကြကြောင်းသိရသည်။
မချမ်းဘော့မြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Apr 24,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသောရပ်ကွက် ကျေးရွာများသို့မြို့နယ် နိုင်ငံစီးပွားမြှင်တင်ရေးရန်ပုံငွေ ကြီးကြပ်မှုကော်မတီက ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ (၅) ဖွဲ့ခွဲကာ ယနေ့နံနက်၉နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။