ကန်ကြီးထောင့် ဧပြီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ဧပြီလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုက်ရေးဦးစီးဌာနရုံး (OSS)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားတွင် ကန်ကြီးထောင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံကိန်း ရေးဆွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာထွန်းက စီမံကိန်းလုပ်ငန်းဆိုင်ရာများ နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရ စီမံကိန်းတာဝန်ပေးအပ်လွှာများအားတာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ကန်ကြီးထောင့်(ပြန်/ဆက်)