မော်လမြိုင်ကျွန်းမြို့ ဧပြီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင်လျှပ်စစ်ဓာတ်အားလိုင်းများ နှင့်ထရန်စဖော်မာများအားပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဇန်နဝါရီလမှစတင်၍ ယနေ့ထိ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ လျှပ်စစ်သုံးစွဲသူပြည်သူများလျှပ်စစ်ဓာတ်အားပြည့်ဝစွာအသုံးပြု နိုင်ရေး၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုလျှော့ချနိုင်ရေးနှင့် တရားမဝင်ဓာတ်အားများသုံးစွဲမှုများ မရှိစေရေးတို့အတွက် မော်လမြိုင်ကျွန်းမြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများ၊ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးထက်အောင်နှင့် ဝန်ထမ်းများက ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာများ၊ ၁၁ ကေဗွီ ဓာတ်အားလိုင်းများနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများကြံ့ခိုင်မှု စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်း၊ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများရှိမီတာများစစ်ဆေးခြင်း၊ ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရဲကိုမောင် (ပြန်/ဆက်)