ဘိုကလေးမြို့နယ်တွင် “မြို့သန့်ရှင်းသာယာလှပရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပ

ဘိုကလေး ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့တော်ခန်းမတွင် ယမန်နေ့ နေ့လယ် (၁)နာရီ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ကြီးကြပ်မှု၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီဌာန၏ ဦးဆောင်ကျင်းပမှုတို့ဖြင့် မြို့သန့်ရှင်းသာယာလှပရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပသည်။

ပြည်သူ့စကားဝိုင်းကျင်းပရာသို့ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး၊ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းသင်းမွန်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့်ကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်နှင့်ဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ မြို့ပေါ်ရပ်ကွက် (၁၀) ခုမှ သန့်ရှင်းသာယာလှပ‌‌ရေး အထောက်အကူပြုကော်မတီများ၊ မြို့နယ်သန့်ရှင်းသာယာရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကူညီကြသူများ၊ ပြည်သူများ စုစုပေါင်းအင်အား (၃၅၀) ခန့် တက်ရောက်ကြပြီး စကားဝိုင်းမကျင်းပမီ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက အဖွင့်အမှာစကားကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို လည်းကောင်း အသီးသီးဆွေးနွေးပြောကြားသည်။

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့်ဌာနဆိုင်ရာများ‌က ဒေသတွင်း သန့်ရှင်းသာယာလှပ‌ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးဆွေးနွေးကြပြီး ပြည်သူများကလည်း ၎င်းတို့ရပ်ကွက်များ၏ သန့်ရှင်းသာယာလှပ‌ရေးဆိုင်ရာများ အသီးသီးဆွေးနွေး တင်ပြကြကြောင်းနှင့် ပြည်သူများ၏ တင်ပြ ဆွေးနွေးမှုများအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများကလည်း ပြန်လည်ရှင်းလင်း ဖြေကြားဆွေးနွေးခဲ့ကြကြောင်း၊ မြို့နယ်သန့်ရှင်းသာယာလှပရေး အထောက်အကူပြု ကော်မတီက မြို့နယ်တွင်သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်မှုများအတွက် ကူညီထောက်ပံ့ကြသူများကို ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုးစက်