ညောင်ဦး ဇူလိုင် ၂၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်ဝန်ကြီးဌာန၊ ညောင်ဦးခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာန မြစိမ်းရောင်(ငါးကဏ္ဍ) မတည်ငွေ ကျပ်(၃၀၀)သိန်းမှ အတိုးရရှိငွေဖြင့် ညောင်ဦးမြို့နယ် အရှေ့ပုလင်းကျေးရွာ၊ တောင်မြောက်အလယ်လမ်းမကြီး ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ငါးလုပ်ငန်းဦးစီးဌာန၊ မြစိမ်းရောင်(ငါးကဏ္ဍ) မတည်ငွေကျပ်(၃၀၀)သိန်းမှ အတိုးရရှိငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်သည့် ညောင်ဦးမြို့နယ်၊ အရှေ့ပုလင်းကျေးရွာ တောင် မြောက်ရွာအလယ်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ညောင်ဦးမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနက အရင်းမပျောက် မတည်ရန်ပုံငွေဖြင့် အတိုးရငွေ၏ ၅၀ ရာခိုင်နှုန်းအတွင်း ပါဝင်သော ကျပ်(၂၅)သိန်းဖြင့် အရှေ့ပုလင်းကျေးရွာ တောင်မြောက်ရွာအလယ်လမ်း (အလျား ၆၃ ပေ x အနံ ၁၂ ပေ x ထုထည် ၆လက်မ) ကွန်ကရစ်ခင်းခြင်းလုပ်ငန်းပြီးစီးဖြစ်ကြောင်း ညောင်ဦးမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဒေါ်ကျော်အေးနုထံက သိရသည်။
ဒီပါလင်း (ပြန်/ဆက်)