ပေါင်းတည် ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးမှု ကာလ(၅)လပြည့်ပြီးသော အသက် ၅ နှစ်မှ ၁၂ နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) စတင်ထိုးနှံခြင်းကို ဆေးထိုးအဖွဲ့(၁၀)ဖွဲ့မှ သက်ဆိုင်ရာ ကျောင်းစုရပ်(၂၈)ကျောင်းတွင် ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးစီးမှု ကာလ(၅)ပြည့်ပြီးသူများကို ထပ်ဆောင်း (Booster Dose) ထိုးနှံပေးရာတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဌာနဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Myancophram) ကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းစုရပ်(၂၈)ကျောင်းမှ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူ(၈၃၀)ဦးနှင့်ဘက ကျောင်းသား/ကျောင်းသူ(၆၀)ဦး စုစုပေါင်း(၈၉၀)ဦးအား ထိုးနှံပေးခဲ့ကြောင်းနှင့် ဆေးထိုးနှံမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသန့်နှင့်အဖွဲ့ဝင်များနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ်နှင့် တာဝန်ရှိကျောင်းအုပ် ဆရာကြီး/ဆရာမကြီးများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)