ပန်းတောင်းမြို့နယ်၌ လူဦးရေစာရင်းမှန်ကန်ရေး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

ပန်းတောင်း ဇန်နဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မြေပြင်တစ်အိမ် တက်ဆင်းကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) များသည် သက် ဆိုင်ရာရပ်ကွက်/ ကျေးရွာများအလိုက် တစ်အိမ်တက်ဆင်းသွားရောက်ကာ သတ်မှတ်စာရင်းပုံစံများဖြင့် ကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စီစဉ်တာဝန်ပေးမှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများမှ ရပ်ကွက်/ ကျေးရွာ အုပ်စုများတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်များတိုက် ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်လျက်ရှိရာ ပန်းတောင်းမြို့နယ်၌အဖွဲ့များခွဲ၍ ရပ်ကွက်/ ကျေးရွာနေပြည်သူများအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့တွင် ပါဝင်သော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ စာရင်းကောက်ယူရာတွင် အုပ်စုအလိုက်ကြီး ကြပ်ဆောင်ရွက်လျက်ရှိသည့် မြေပြင်စာရင်းကောက်ယူရေးအဖွဲ့တို့မှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေး စာရင်းကောက်ယူခြင်းကိုစတင်ပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက စစ်ဆေးကြည့်ရှုကာလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ ဆက်)