မြစ်သားမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေး မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူ ဆောင်ရွက်

မြစ်သား ဇန်နဝါရီလ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူခြင်းကို ဇန်နဝါရီလ (၉)ရက်နေ့မှ စတင်ကောက်ယူခဲ့ကြောင်း သိရသည်။

လူဝင်မူကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြစ်သားမြို့နယ်အတွင်းရှိ  အိမ်ထောင်စုလူဦး ရေစာရင်းတိကျမှန်ကန်စေရေးအတွက် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group)မှ တစ်ဖွဲ့လျှင် (၅)ဦး ပါဝင်သည့် အဖွဲ့ပေါင်း (၁၀၅) ဖွဲ့ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ကောက်ယူမှုကို   မြို့နယ်အတွင်းရှိ  ရပ်ကွက်ကြီး( ၁၁ ) ရပ်ကွက် ၊ ကျေးရွာအုပ်စု  (၈၁ )အုပ်စုရှိပြီး အိမ်ထောင်စုလူဦးရေစာရင်း (၅၂၂၃၁) စု ကို ဇန်နဝါရီလ ၉ ရက်နေ့မှ ၃၁ ရက်နေ့ထိ ကောက်ယူသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ  ဦးအောင်ကျော်မိုးထံမှ သိရသည်။

အဆိုပါ အိမ်ထောင်စုလူဦး‌ရေစာရင်း မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့‌ကြောင်း သိရသည်။

သီတာအောင်(မြစ်သား)