မြင်းခြံမြို့ အထက (၂) ကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနား ကျင်းပ

မြင်းခြံ ဇန်နဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ အထက (၂) ကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် (၉) နာရီ အချိန်က ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် အလယ်တန်းကျောင်းသား/သူများက “ပညာရေးစုံညီပွဲတော်” သီချင်းဖြင့် သီဆိုပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းထွန်းကအဖွင့်အမှာစကားပြောကြားသည်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း မြို့နယ် အဆင့်နှင့် ကျောင်းတွင်းပြိုင်ပွဲများ၌ ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိခဲ့ကြသော ကျောင်း သား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများကို ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းထွန်း၊ ခရိုင်ပြန်/ဆက်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့၊ ကျောင်းအကျိုးတော် ဆောင်အဖွဲ့များ၊ ဆရာ၊ဆရာမများက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများမှ အကများဖြင့် သီဆိုဧည့်ခံဖျော်ဖြေခဲ့ကြပြီး Grade-9 ကျောင်းသား၊ ကျောင်းသူက“မြန်မာ့ကျောင်းသီချင်း” ဧည့်ခဲ့ဖျော်ဖြေခဲ့ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)