ပင်လောင်းမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်

ပင်လောင်း ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီနှင့် မြေပြင်ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group)များက ရပ်ကွက်၊ ကျေးရွာအုပ်စုများသို့ အိမ်ထောင်စုလူဦးရေစာရင်းများကို ယနေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

ပင်​လောင်းမြို့နယ်တွင် ကျေးရွာအုပ်စု (၂၅)အုပ်စုနှင့် ပင်​လောင်းမြို့ပေါ်ရပ်ကွက်(၁၀) ရပ်ကွက်၊ နောင်တရားမြို့ရပ်ကွက် (၃)ရပ်ကွက်၊ ပေါင်းလောင်းမြို့ရပ်ကွက် (၆)ရပ်ကွက်အတွင်းရှိ ကောက်ကွက်စုရပ်အသီးသီးနှင့် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့များက အိမ်ထောင်စုလူဦးရေစာရင်း ကောက်ယူမှုများကို ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်အထိ စာရင်းကောက်ယူသွားမည်ဖြစ်သည်။

အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူနေမှုများကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက  လိုက်လံကြည့်ရှုခဲ့​ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)