အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)တွင် (GTHS) အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကျင်းပ

ကျောက်ဆည် ဇန်နဝါရီ  ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ အသက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်) သုံးထပ်ဆောင်စုဝေးခန်းမတွင် ယမန်နေ့နံနက်(၉)နာရီက၂၀၁၉-၂၀၂၂၀ ပညာသင်နှစ် (ဒုတိယနှစ်)နှင့် ၂၀၂၁-၂၀၂၂  ပညာသင်နှစ်(ဒုတိယနှစ်) (GTHS)စာမေးပွဲအောင်မြင်သူများအား အောင်လက်မှတ်အပ်နှင်းပွဲ အခမ်း အနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဇာနည်ထွန်းက ကျောင်းသား/ကျောင်းသူများအနေဖြင့် နေ့စဉ်နေ့တိုင်းပြောဆိုနေထိုင်ရာတွင် အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)မှ အပ်နှင်းလိုက်သည့် အောင်လက်မှတ်များ၏ ဂုဏ်သိက္ခာနှင့်အညီ ဆီလျော်ထိုက်တန်စွာ ပြောဆိုနေထိုင်ပြီး ပြည်သူတစ်ရပ်လုံး  ငြိမ်းချမ်းသာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်း သတ္တိရှိသမျှ ကြိုပမ်းဆောင်ရွက်သွားကြစေရေး အမှာစကားပြောကြားခဲ့သည်။

ထို့နောက် အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်) ကျောင်းအုပ်ကြီး ဒေါက်တာဇာနည်ထွန်းက အဆောက်အဦနည်းပညာသင်တန်း၊ လျှပ်စစ်နည်းပညာသင်တန်း၊ မော်တော်ယာဉ် နည်းပညာသင်တန်း၊ စက်ပစ္စည်းအစိတ်အပိုင်းများထုတ်လုပ်ခြင်း နည်းပညာသင်တန်း၊ ရေခဲသေတ္တာနှင့် လေအေးပေးစက်နည်းပညာသင်တန်း၊ သုတနည်းပညာသင်တန်းများတွင် အောင်မြင်ခဲ့သည့် ကျောင်း သား/ ကျောင်းသူများအား  အောင်လက်မှတ်များ အပ်နှင်းခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)