ရွှေပြည်သာမြို့နယ်တွင်မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) မှ အိမ်ထောင်စုလူဦးရေစာရင်းများ ကောက်ယူနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ လိုက်လံကြည့်ရူ

ရွှေပြည်သာ  ဇန်နဝါရီ  ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ ရပ်ကွက်(၂၇)ရပ်ကွက်တွင် ဇန်နဝါရီ(၉)ရက်နေ့မှစ၍ မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းကောက်ယူရေးအဖွဲ့(Working Group)မှ အိမ်ထောင်စုလူဦးရေစာရင်းများကို စတင်ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး မျိုးညွန့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လိုက်လံကြည့်ရူကာ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါတစ်အိမ်တက်တစ်အိမ်ဆင်း မြေပြင်စာရင်းကောက်ယူလုပ်ငန်းကို ဌာနဆိုင်ရာများ၊ ရပ်ကွက်စာရေးဝန်ထမ်းများ၊ ရာအိမ်မှူး/ ဆယ်အိမ်မှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့များမှ လူဦးရေအိမ်ထောင်စုစာရင်းများ မှန်ကန်စေရေးအတွက် သတ်မှတ်ပုံစံများဖြင့်စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

မြေပြင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဇန်နဝါရီ ၉ ရက်နေ့မှ ၃၁ရက်နေ့အထိ ရွှေပြည်သာမြို့နယ် ရပ်ကွက်(၂၇)ရပ်ကွက်တွင် ကောက်ကွက်( ၂၇၁) ကွက်အား တပြိုင်နက်တည်း ဆက်လက်စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ ဆက်)