ရွှေသောင်ယံမြို့တွင် မြေပြင်ကွင်းဆင်း၍ အိမ်ထောင်စုလူဦးရေစာရင်းများ ကောက်ယူ

ရွှေသောင်ယံ ဇန်နဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် အိမ်ထောင်စုလူဦးရေစာရင်း (Working Group) မြေပြင်ကွင်းဆင်း ကောက်ယူခြင်းများကို ယမန်နေ့နံနက် (၈)နာရီမှ စတင်၍ စာရင်းကောက်ယူလျက်ရှိသည်။

ထိုသို့ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရာတွင် မြေပြင်ကွင်းဆင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီဉက္ကဋ္ဌ ရွှေသောင်ယံမြို့ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များမှ စာရင်းကောက်ယူရာတွင် မှားယွင်းမှုမရှိစေရေး လိုက်လံကြီးကြပ် ဆောင်‌ရွက်ပေးလျက်ရှိသည်။

အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းများကို ဇန်နဝါရီလ(၉)ရက်မှ စတင်ပြီး ရက်ပေါင်း(၂၀)ကြာ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများမှ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)