မြောင်းမြ ဇန်နဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် လူဦးရေစာရင်း မှန်ကန် စေရေးအတွက် အိမ်ထောင်စုစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးရန်အတွက် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း လူဦးရေစာရင်းများကို ဇန်နဝါရီလ (၉) ရက်နေ့မှစတင်၍ ကောက်ယူလျက်ရှိကြောင်း သိရသည်။
ထိုသို့ တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း လူဦးရေစာရင်းကောက်ယူခြင်းကို ကျုံသွပ်အုပ်စု၊ လေးအိမ်တန်းအုပ်စု၊ ကျုံဝါးအုပ်စု၊ မဒေါ့ပင်အုပ်စု၊ မြဟေမာရပ်ကွက်တို့တွင် ယနေ့ ကွင်းဆင်းစစ်ဆေးကောက်ယူနေမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးအုန်းသိန်းနှင့်အဖွဲ့ဝင် (၂) ဦးအောင်တင်ထွန်း၊ ခရိုင်နှင့်မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပါဝင်သောအဖွဲ့များက ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင်(ပြန်/ဆက်)