တောင်ငူမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ တတိယအကြိမ် ကိုဗစ်-၁၉ ထပ်ဆောင်းရောဂါကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံပေး

တောင်ငူ ဇန်နဝါရီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူကျောင်းသားများအား တတိယအကြိမ် ကိုဗစ်-၁၉  ထပ်ဆောင်းကာကွယ်ဆေး Booster Dose ကို ယမန်နေ့ နေ့လည် ၁ နာရီအချိန်တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသည့် KG တန်းမှ Grade-5 တန်းရှိ အသက် (၅)နှစ်မှ (၁၂)နှစ်ပြည့်ပြီးသူ ကျောင်းသား ကျောင်းသူ (၁၅၀)ကျော်အား ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားများနှင့်အညီ မိဘအုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက်ဖြင့် ထိုးနှံပေးခြင်းဖြစ်​သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ကာကွယ်ဆေးထိုးနှံပြီး (၆)လနှင့်အထက် ရှိသူများအား ဆေးထိုးနှံပြီး​ကြောင်း ထုတ်​ပေးထားသည့် ဆေးထိုးလက်မှတ်များ ယူ​ဆောင်လာ​စေ၍ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံပေးလျက်ရှိကြောင်းနှင့် တောင်ငူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အဆိုပါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ခရိုင် (ပြန်/ဆက်)