ရသေ့တောင် ဇန်နဝါရီ ၁၁
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင်ကျောင်းသားလူငယ်လူရွယ်လေးများ အားလပ်ချိန်တွင် စာဖတ်ခြင်းဖြင့်အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာအုပ်စာပေများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ပုံပြင်ပြောပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာရသေ့တောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်တင်ဇာဦးက ကျောင်းသား၊ လူအများရှေ့တွင်ပြောဆိုတတ်သည့် ရဲဝံ့သည့်စိတ်ရှိကြရန် ကျောင်းစာအပြင်ဗဟုသုတရရှိစေမည့်စာများအားဖတ်ကြရန်၊ ကလေးများအကြိုက် ပုံပြင်များ ပြောပြကြရာ အထက ၂ ကျောင်းသူ မခင်ပြုံးသွယ်ကယုန်နှင့်လိပ်ပုံပြင်ဖြင့်လည်းကောင်း မောင်မျိုးထက်ကျော်က မောင်မိုးနှင့်ဝါးပင်းပုံပြင်အားလည်းကောင်း၊ မထက်ထက်ကျော်က ဝက်ကလေးသုံးကောင်ပုံပြင်ဖြင့်လည်းကောင်း ပြိုင်ပွဲဝင်ပြောကြားခဲ့ရာပုံပြော အကောင်းဆုံး ဆုရသူနှစ်ဦးအား တာဝန်ရှိသူများမှ ဆုချီးမြှင့်ခဲ့သည်။
ထွန်းလင်းကျော်(ပြန်/ဆက်)