ကျောင်းကုန်း ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဂုန်မင်း-ဇီးချောင် ကွန်ကရစ်လမ်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား ပုသိမ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက အရည်အသွေး ပြည့်မီစေရေး ကွင်းဆင်း စစ်ဆေးခဲ့သည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် Pan Capital ကုမ္ပဏီမှ တင်ဒါအောင်မြင်ဆောင်ရွက်မည့် ဂုန်မင်း-ဇီးချောင်လမ်းသည် လမ်း၏အရှည် ၃ မိုင် ၂.၅ ဖာလုံ၊ အကျယ် ၁၂ပေ၊ ထု ၇လက် မဖြင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအား ရန်ပုံငွေ(၁၃၄.၃၀၀)သန်းဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး၊ ကျေးရွာ (၁၁)ရွာ၊ အိမ်ခြေ(၈၆၁)အိမ်၊ လူဦးရေ(၃၁၈၇)ဦးအား အကျိုးပြုသော လမ်းဖြစ်ပါသည်။ အဆိုပါ ကွန်ကရစ်လမ်း ပိုမိုခိုင်ခန့်စေရန်အတွက် အောက်ခံကျောက် ခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေအား ပုသိမ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူမင်းက ကွင်းဆင်းစစ်ဆေး၍ အရည်အသွေးပြည့်မီစွာဖြင့် လုပ်ငန်းအချိန်မီ ပြီးစီးစေရေး အလေးထားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)