သတင်းများ

စစ်ကိုင်းမြို့တွင် သဘာဝဘေးလျော့ပါးရေးဆိုင်ရာ စေတနာ့ဝန်ထမ်း (လူငယ်) ဆင့်ပွားသင်တန်း ဖွင့်လှစ်
Jan 11,2023
စစ်ကိုင်းမြို့တွင် သဘာဝဘေးလျော့ပါးရေးဆိုင်ရာ စေတနာ့ဝန်ထမ်း (လူငယ်) ဆင့်ပွား သင်တန်းဖွင့်ပွဲကို ဇန်နဝါရီ (၁၁) ရက်၊ နံနက်ပိုင်းက စစ်ကိုင်းမြို့မျက်မမြင်ကျောင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရသေ့တောင်မြို့တွင် အသိပညာ ဗဟုသုတ တိုးပွားစေရန် စာဖတ်ဝိုင်းပြုလုပ်
Jan 11,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူ ကျောင်းသူများနှင့် ယနေ့နေ့လည်ပိုင်းက စာရေးဆရာဒေါက်တာခင်မောင်ညိုရေးသားသည့် လူငယ်နှင့်အကောင်းဆုံးသော ဘဝကို တည်ဆောက်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ
Jan 11,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အ.ထ.က (၁) ဒေါ်ပိုက်မိခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ချီဖွေမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 11,2023
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူလေးများက “စုံညီပွဲတော်တို့နွဲပျော” သီချင်းဖြင့် အခမ်းအနား ဖွင့်လှစ်ခဲ့ကြသည်။
ရှင်ဗွေယန်မြို့၌ (၂ဝ၂၂-၂ဝ၂၃) ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပ
Jan 11,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် (၂ဝ၂၂-၂ဝ၂၃) ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝနာရီတွင် အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပြည်မြို့နယ် (မြို့နယ်အဆင့်) ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 11,2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပြည်မြို့နယ် (မြို့နယ်အဆင့်) ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၉နာရီအချိန် က ပဲခူးတိုင်းဒေသကြီး ပြည်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သိရီရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှု  ကြည့်ရှုစစ်ဆေး
Jan 11,2023
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစိုးလွင်နှင့် ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဝင်များသည် ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့နယ် အမှတ်(၆)နှင့် အမှတ်(၇) ရပ်ကွက်အတွင်း မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
လမ်းမတော်မြို့နယ်၌ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းဆောင်ရွက်
Jan 11,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမ‌တော်မြို့နယ်၌ လူဦးရေစာရင်းများ ကောက်ယူရာတွင် လူတစ်ဦးချင်း၏ အချက်အလက်များ တိကျပြည့်စုံ မှန်ကန်စေရန်နှင့် လူဦး​ရေစာရင်းများ တိကျမှန်ကန်​ရေးအတွက် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရန်အတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခြင်းကို လမ်းမတော်မြို့နယ် အမှတ်(၁) ရပ်ကွက်၊ အနော်ရထာလမ်းရှိ ကြက်တောင်အားကစားခန်းမဝန်းအတွင်း ယမန်နေ့ နံနက်ပိုင်း ၁၂နာရီအချိန်တွင် စတင်ဆောင်ရွက်လျက်ရှိသည်။