ကန့်ဘလူမြို့ အမှတ်( ၁)အလက(ခွဲ)ကျောင်း၌ အသိပညာပေး ဟောပြောပွဲကျင်းပ

ကန့်ဘလူ ဇန်နဝါရီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အမှတ် (၁) ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီ ခွဲက ကျင်းပကြောင်း သိရသည်။

 ရှေးဦးစွာ အမှတ် (၁) အ.လ.က (ခွဲ) ကျောင်းအုပ်ဆရာကြီး  ဦးကျော်ကျော်သန်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဂန်ခံ  ဦးမျိုးဝင်းသန်းကစားသုံးသူ အခွင့်အရေးများနှင့်တာဝန်များ၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သောသတင်းအချက်အ လက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့်ပြေစာ (သို့မဟုတ်) အထောက်အထားရယူခွင့်ရှိခြင်း၊ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်၍ စီးပွားရေးလုပ်ငန်းရှင်များကလည်း ဥပဒေနှင့်အညီ ဆောင်ရွက်စေရန် ထိန်းကျောင်းဆောင်ရွက်လျက် ရှိကြောင်းတို့ကိုလည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိဒေါ်ကြည်ဆန်းက ကျောင်းသားလူငယ်များ ကြိုးစားသင်ယူလို့ရသည့် အရွယ်တွေဖြစ်သည့်အတွက် ကြိုးစားကြရန်၊ ရည်မှန်းချက်ကြီးကြီးမားမားထားရန်၊ အနာဂါတ်မှာဘာဖြစ်ရမယ်ဆိုသည့် မျှော်မှန်းချက်ထားရန်၊ အတွေးအခေါ်တွေမှန်ကန်ဖို့ဆိုလျှင် ကျောင်းစာအပြင် ပြင်ပဗဟုသုတရမယ့်စာကိုဖတ်ရန်၊ မှတ်ရန်၊ နည်းယူရန်၊ စာဖတ်သူတွေသည် ရင့်ကျက်စေမယ်၊ ပြည်ဝစေမယ်၊ အမှားအမှန်သိစေမယ်၊ ယဉ်ကျေးသိမ်မွေ့စေမယ်၊ တိုးတက်ဖို့ နည်းလမ်းတွေရမယ်စသည်ဖြင့် စာဖတ်ခြင်းအကျိုးကျေးဇူးများကို ဆွေးနွေး ဟောပြောကြသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရဦးစီးဌာနက ခင်းကျင်းပြသထားသည့် အသိ ပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာသူကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)