မင်းတုန်းမြို့တွင်အသက်(၁၂)အောက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

မင်းတုန်း ဇန်နဝါရီ ၁၂

မကွေးတိုင်းဒေသကြီး၊ သရက်ရိုင်၊ မင်းတုန်းမြို့ ပြည်သူ့ဆေးရုံတွင် ဇန်နဝါရီလ ၁၁ ရက်နေ့နံနက် ၁၀ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းလင်းအောင်တို့၏ ကြီးကြပ်မှုဖြင့် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

မင်းတုန်းမြို့နယ်တွင် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း (၅၂၆၀)ဦးထိုးနှံပေးထားပြီး (၅)လပြည့်ပြီးသူ (၄၈၈၆)ဦးရှိရာ (၁၁၆၉)ဦး (၂၄.၄၈%) ထိုးနှံပေးပြီးဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)