ဇီးကုန်း ဇန်နဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး (Pilot Project)လုပ်ငန်းအား ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်၍ မြို့ပေါ်ရပ်ကွက် (၅)ရပ်ကွက်နှင့် ကျေးရွာများတွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေး ဝန်ထမ်းများပါဝင်သော (Working Group) ပူးပေါင်းအဖွဲ့ ၃၅ ဖွဲ့က သတ်မှတ်နယ်မြေအလိုက် တစ်အိမ်တက်ဆင်း စာရင်းကောက်ယူရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး (Pilot Project) လုပ်ငန်းအား သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးနိုင်ရန်နှင့် စာရင်းအချက်အလက်များ ပြည့်စုံမှန်ကန်စေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့် အဖွဲ့ဝင်များက ယမန်နေ့က ကွင်းဆင်းကြပ်မတ်၍ စာရင်းကောက်ယူရေးလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေး၊ အခက်အခဲများ မရှိစေရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် စာရင်းကောက်ယူရေးလုပ်ငန်းစဉ်အား ဇန်နဝါရီလ(၃၁)ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
တင့်ဆွေ(ပြန်ဆက်)