တနင်္သာရီမြို့နယ်၊ မောတောင်မြို့တွင် (Working Group) မြေပြင်လူဦးရေစာရင်းကောက်ယူရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

တနင်္သာရီ ဇန်နဝါရီ ၁၂

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် (ထိုင်း-မြန်မာ)နယ်စပ်မြို့ မောတောင်မြို့တွင် မြေပြင်ရှိ ၆၆/၆ အိမ်ထောင်စုလူဦးရေစာရင်းများမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းကို ယမန်နေ့က မြို့(Working Group) မြေပြင်လူဦးရေစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှ ဦးဆောင်ကြီးကြပ်မှုဖြင့် ပူးပေါင်းအဖွဲ့များပါဝင်၍ ပြုစုဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မောတောင်မြို့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့တွင် မြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်းနှင့် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ နယ်စပ်စခန်းရဲတပ်ဖွဲ့၊ အ-ထ-က မောတောင်မှဆရာများ၊ သစ်တောဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရာအိမ်မှူးများ၊ ပြည်သူစစ်ဌာနေ ဦးညွန့်စိုးနှင့်အဖွဲ့ဝင်များ၊ မေတ္တာရေစင်ပရဟိတအဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန (လဝကမှူး)ဦးဂမ်မော် ၏ကြီးကြပ်မှုဖြင့် မြို့မရပ်ကွက်-ပြည်ထောင်စု(၁)၊ ပြည်ထောင်စု(၂)လမ်း၊ အောင်သပြေလမ်းနှင့် အမှတ်(၁)ရပ်ကွက်ရှိ ပြည်ထောင်စု(၁)လမ်းတို့အတွင်း မြေပြင်ရှိအိမ်ထောင်စုလူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း၊ မြေပြင်ကွင်းဆင်းကောက်ယူရေးလုပ်ငန်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ယင်းသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မောတောင်မြို့ မြို့မရပ်ကွက်အတွင်း အိမ်ထောင်စု(၁၃၉)စု၊ လူဦးရေ ကျား(၂၈၀)ဦး၊ မ(၃၁၂)ဦး၊ ပေါင်း(၅၉၂)ဦးနှင့် မသန်စွမ်းအိမ်ထောင်စု(၁)စုတို့ကိုလည်းကောင်း၊ အလားတူ အမှတ်(၁)ရပ်ကွက်တွင် အိမ်ထောင်စု(၄၉)စု၊ လူဦးရေကျား(၉၄)ဦး၊ မ(၁၀၈)ဦး၊ ပေါင်း(၂၀၂)ဦး၊ (၂)ရပ်ကွက်ပေါင်း အိမ်ထောင်စု(၁၈၈)စုမှ လူဦးရေ ကျား(၃၇၄)ဦး၊ မ(၄၂၀)ဦး စုစုပေါင်း(၇၉၄)ဦးတို့အား စာရင်းကောက်ယူပြုစုနိုင်ခဲ့ကြောင်း မြို့နယ်(လဝက)ရုံးမှ သတင်းရရှိသည်။

နန်းသာရီ-ထိန်ဝင်း