စုကလိမြို့တွင် ခရီးသည်တင်ဘတ်စ်ကားများ လိုက်နာရန် စည်းကမ်းချက်များအကြောင်း အသိပညာပေး Talk Show ပြုလုပ်
Jan 13,2023
မိဘပြည်သူများအနေဖြင့် မိမိတို့ လိုအပ်သည့်အခါ မဖြစ်မနေ ခရီးသွားလာရသည့် အချိန်များတွင် ဘတ်စ်ကားများကို အလေးထားစီးနင်းရချိန်နှင့် ဘတ်စ်ကားမောင်းနှင်သည့် ယာဉ်မောင်းများအနေဖြင့် သိရှိလိုက်နာမောင်းနှင်ရမည့် အချက်များအား ဗဟုသုတ ရရှိစေရန် ရည်ရွယ်ချက်များဖြင့် အသိပညာပေး Talk show အား ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးရှိ Community Center တွင် ခရီးသည်တင်ဘတ်စ်ကားများ လိုက်နာရန် စည်းကမ်းချက်များအကြောင်း ခေါင်းစဉ်ဖြင့် ဆောင်ရွက်ခဲ့သည်။