ကွမ်းခြံကုန်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကျေးရွာများသို့ တိုင်းရင်းဆေးများဖြင့် ပြည်သူများအား(အခမဲ့) ကွင်းဆင်းဆေးကုသ

ကွမ်းခြံကုန်း ဇန်နဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် တိုင်းရင်းဆေးကုဌာနမှ ကျေးရွာနေပြည်သူများ ကျန်းမာရေးကောင်းမွန်စေရန်ရည်ရွယ်၍ ယမန်နေ့က တောကျောင်းကျေးရွာသို့ ကွင်းဆင်း၍ ပြည်သူများအာ(အခမဲ့) ဆေးကုသခဲ့ကြောင်း သိရသည်။

ရှေးဦးစွာမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝေဝေနိုင်က ကျန်းမာရေးအသိပညာပေးအကြောင်း ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်တိုင်းရင်းဆေးမှူးနှင့် ဆရာမများကပြည်သူများအား တိုင်းရင်းဆေးဖြင့် ဒူးနာ၊ ခါးနာ၊ ဇက်ကျီးပေါင်း၊ အကြောတက်ကိုက်ခဲခြင်း၊ ထိခိုက်၊ ဒဏ်နာ၊ လေငန်းလေဖြတ်ရောဂါ၊ ထုံနာကျင်နာ၊ ယာယံနာ၊ အိပ်မပျော်ခြင်း၊ မီးယပ်မမှန်ခြင်းနှင့် နှလုံးရောဂါစသည့် လူနာကျား(၁၅)ဦး၊ မ(၃၉)စုစုပေါင်း (၅၄)ဦး( အခမဲ့) ကွင်းဆင်းကုသပေးခဲ့ပြီး ရန်ကုန်မြို့စကြာမင်းဆေးတိုက်မှ စကြာမင်းသွက်ချာပါဒလေငန်းဆေးနှင့် စကြာမင်းရွှေနနွင်းဆေးများ ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆွေနွယ် (ပြန်/ ဆက်)