ကျိုက်လတ်၌ ၂၀၂၃-ခုနှစ်၊ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အုန်းပင်စုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပ

ကျိုက်လတ် ဇန်နဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အုန်းပင်စုကျေးရွာတွင် ယမန်နေ့ညနေ (၃)နာရီက ၂၀၂၃-ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အုန်းပင်စု ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲမင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ တိုင်းရင်းသားတို့၏ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ပုံ အကြောင်းများနှင့် အားကစားသမား အချင်းချင်း ချစ်ခင်ရင်းနှီးစွာဖြင့် အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် ယှဉ်ပြိုင်ကစားကြစေလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးရဲမင်းက အားကစားပစ္စည်းများ ပေးအပ်ရာ အုန်းပင်စု ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က  လက်ခံရယူခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲမင်းက ဆန်းသစ်မြန်မာအသင်းနှင့် ရွှေအုန်းပင် အသင်းတို့ယှဉ်ပြိုင်မည့် ပထမပွဲစဉ် အဖွင့် ဘောလုံးအား ဘောလုံးကွင်းအတွင်းသို့ ကန်သွင်း၍ စတင်ယှဉ်ပြိုင်ခဲ့မှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ အုန်းပင်စုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဖလားဘောလုံးပြိုင်ပွဲတွင် အသင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲကို ဇန်နဝါရီလ ၁၂ ရက်နေ့မှ စ၍ ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

ရီရီမြင့်