အမ်း ဇန်နဝါရီ ၁၃
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်းရေး စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲကို ယနေ့နံနက်ပိုင်းတွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ခင်းကျင်းပြသဆောင်ရွက်ခဲ့သည်။
အဆိုပါ စာအုပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးစန်းဝင်းက ပြပွဲပြခန်းများ ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များနှင့် ပတ်သက် စာပေမြတ်နိုးသူများအား ရှင်းလင်းပြောကြားကာ အသစ်ရောက်ရှိလာသော သုတ/ရသ စာအုပ်စာစောင်များအား နေ့စဉ်ငှားရမ်းဖတ်ရှုနေကြသည့် စာပေမြတ်နိုသူများအားလည်းကောင်း နံရံကပ်စာစောင် ဓာတ်ပုံပြပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပန်းမှု ကာလသမိုင်းစဉ်မှတ်တမ်းများ လူထုဟောပြောပွဲ ဆောင်ရွက်မှုမှတ်တမ်းများ လွတ်လပ်ရေးကြိုးပမ်းမှုဆောင်ရွက်စဉ် သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများနှင့်အတ္ထုပ္ပတ္တိများ၊ မူးယစ် ဆေးဝါးတားဆီးကာကွယ်ရေးနှင့် ကလေးအလုပ်သမား ပပျောက်ရေး နံရံကပ်စာစောင်များအား ဝေဝေဆာဆာဖြင့် ပြသဆောင်ရွက်ထားရှိရာ စာပေမြတ်နိုးသူ ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စိုးမင်းထွန်း