မဘိမ်း ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ပြည့်စုံမှန်ကန်သောလူဦးရေစာရင်း ရရှိရေးအတွက် လက်တွေ့မြေပြင်ကွင်းဆင်းစာရင်းကောက်ယူနေခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်မှစတင်၍ မြို့နယ်(Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှ ကြီးကြပ်၍ ကုန်းမခံကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာသို့ မြို့နယ်(Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၊ အဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇာနည်မောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညိမ်းသူအောင်၊ မြို့နယ်ဥပဒေအရာရှိ ဦးထွန်းဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင့်ဝေနှင့်ဝန်ထမ်းများက ကွင်းဆင်းကြီးကြပ်ခဲ့ပြီး ဇန်နဝါရီ ၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)