သတင်းများ

ဖားဆောင်းမြို့နယ်၌ လူသုံးကုန်ထုတ်လုပ်နည်း (ဖိနပ်ချုပ်)သင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်
Jan 13,2023
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဖားဆောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်နည်း(ဖိနပ်ချုပ်)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က တောင်ပေါ်ကျေးရွာခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရန်ကင်းမြို့နယ်တွင် မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကျင်းပ
Jan 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကို စာရေးဆရာ မောင်မောက်(ဝတ်လုံ)နှင့် ယနေ့ နံနက် ၁၀:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့ သည်။
နတ်မောက်မြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များ သွားရောက်ငှားရမ်းပေး
Jan 13,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့မကွက်သစ်ရပ်ကွက်သို့ မြို့နယ် ပြန်/ဆက်ဝန်ထမ်းများက သွားရောက်ငှားရမ်းပေးခဲ့​သည်။
မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Jan 13,2023
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉‌ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို  ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲကျင်းပ
Jan 13,2023
ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများက အမက ဘယ်လက်ကျောင်းတွင် ယနေ့နံနက်ပိုင်းက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့်နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။
သံတောင်ကြီးမြို့နယ် ရွှေနန်းကလေးနှင့်ရွှေနန်းကြီးကျေးရွာတွင် မြစိမ်းရောင် ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေးခြင်း ဆောင်ရွက်
Jan 13,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ပြီး မြစိမ်းရောင်စီမံကိန်းကျေးရွာများ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက ပထမအကြိမ် မြစိမ်းရောင်ရန်ပုံ‌ငွေ ထုတ်ချေးခြင်းကို ရွှေနန်းကြီးကျေးရွာ ဘုရားကျောင်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ
Jan 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဘက်စုံထူးချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မှော်ဝန်းရတနာခန်းမတွင် ကျင်းပခဲ့ရာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သန်းဦးနှင့် ကျောင်းအုပ်ဆရာ/ ဆရာမကြီးများ၊ ဆရာ/ ဆရာမများ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ ကျောင်းသူလေးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့တို့တွင် ဆီးသီးဈေးနှုန်း (၁၀)နှစ်အတွင်း ဈေးအမြင့်ဆုံးရောင်းချနေရ
Jan 13,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့တို့တွင် ယခုနှစ် ဆီးသီးသီးနှုန်းကောင်းပြီး ဆီးသီးမှည့်ချိန် ဆီးသီးတစ်တင်းဈေးနှုန်း ဆယ်နှစ်အတွင်း အမြင့်ဆုံးဈေးနှုန်းဖြစ်သည့် တစ်တင်းတစ်သောင်းကျပ် ရောင်းချနေရကြောင်း ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ အချစ်ကလေး ဆီးယို/ဆီးထုတ်လုပ်ငန်းရှင် ဦးဖိုးထောင်ထံက သိရသည်။