ကျိုက်လတ်မြို့နယ်တွင် မြေပြင်လူဦးရေစာရင်း ကောက်ယူနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကွင်းဆင်းစစ်ဆေး

ကျိုက်လတ် ဇန်နဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ အိမ်ထောင်စု လူဦးရေစာရင်း  မြေပြင် ကွင်းဆင်း စာရင်းကောက်ယူရေး လုပ်ငန်းအား ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်၍ မြို့ပေါ် ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာများတွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ ပါဝင်သော (Working Group) ပူးပေါင်းအဖွဲ့ ၉၃ ဖွဲ့က သတ်မှတ်နယ်မြေအလိုက်  တစ်အိမ်တက်ဆင်း စာရင်းကောက်ယူရေး လုပ်ငန်း များ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး လုပ်ငန်းအား သတ်မှတ် ကာလအတွင်း အချိန်မီ ပြီးစီးနိုင်ရန်နှင့် စာရင်းအချက်အလက်များ ပြည့်စုံမှန်ကန်စေရန် အတွက် ယမန်နေ့နေ့လယ်ပိုင်းက ကျိုက်လတ်မြို့နယ်ရှိ ကလပ်ရပ် ကျေးရွာအုပ်စု၊ ထင်းကွင်းကျေးရွာအုပ်စုနှင့် ခနောင်ကျေးရွာအုပ်စုများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာစာရေး ဝန်ထမ်းများမှ (WorkingGroup) တစ်အိမ်တက်ဆင်း မြေပြင် ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့တို့ စာရင်းကောက်ယူနေမှုအား ကွင်းဆင်းစစ်ဆေး၍ စာရင်း ကောက်ယူရေး လုပ်ငန်းစဉ်များ အဆင်ပြေ ချောမွေ့စေရေး၊ အခက်အခဲများ မရှိစေရေး အတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ကျိုက်လတ်မြို့နယ်တွင် ဇန်နဝါရီလ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ စာရင်းကောက်ယူပြီးသည့် အိမ်ထောင်စု ပေါင်း (၁၄၉၃၄) စုရှိပြီး လူဦးရေ (၅၇၄၂၅) ဦးရှိကြောင်းသိရသည်။

ရီရီမြင့်