ကျောက်တံတားမြို့နယ်၌ စာစီစာကုံးပြိုင်ပွဲကျင်းပ
Jan 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသော တို့ပတ်ဝန်းကျင်မထိခိုက်ရေး ဆေးလိပ်ဆေးရွက်ကြီးရှောင်ရှားပေးခေါင်းစဉ်ဖြင့် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျောက်တံတား မြို့နယ်အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။