ကျိုက်လတ်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျှော့ချနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ကျိုက်လတ် ဇန်နဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်း ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေး၊ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှု လျှော့ချနိုင်ရေးနှင့် တရားမဝင် ဓာတ်အားသုံးစွဲမှုများ စိစစ် ဖော်ထုတ်နိုင်ရေးအတွက် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဆောင်၍ ဝန်ထမ်းများက ယမန်နေ့နံနက် ၉ နာရီခန့်က မြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့လျှပ်စစ်အင်ဂျင်နီယာ ဦးသီဟစိုးနှင့် ဝန်ထမ်းများက ကျိုက်လတ်မြို့နယ် အတွင်း လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး Unit Losses ကျဆင်းရေးအတွက် Transformer များတွင် Connection များ စစ်ဆေးပြုပြင်ခြင်း၊ မီတာများ လိုက်လံစစ်ဆေးခြင်းနှင့်  လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် ရပ်ကွက်ကျေးရွာများတွင် ဟောပြောဆွေးနွေးခြင်းနှင့် လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှု လျှော့ချနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာအတွင်း လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး၊ ဓာတ်အား ပြည့်ဝစွာ အသုံးပြုနိုင်ရေး နှင့် အသုံးပြုလျက်ရှိသော မီတာများ ရပ်/ပျက်/နှေး ဖြစ်ပေါ်မှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ စစ်ဆေး ဆောင်ရွက်ခြင်းများကို လစဉ်သတ်မှတ်ရက်များတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသီဟစိုးထံမှ သိရသည်။

ရီရီမြင့်