စုကလိ ဇန်နဝါရီ ၁၃
မိဘပြည်သူများအနေဖြင့် မိမိတို့ လိုအပ်သည့်အခါ မဖြစ်မနေ ခရီးသွားလာရသည့် အချိန်များတွင် ဘတ်စ်ကားများကို အလေးထားစီးနင်းရချိန်နှင့် ဘတ်စ်ကားမောင်းနှင်သည့် ယာဉ်မောင်းများအနေဖြင့် သိရှိလိုက်နာမောင်းနှင်ရမည့် အချက်များအား ဗဟုသုတ ရရှိစေရန် ရည်ရွယ်ချက်များဖြင့် အသိပညာပေး Talk show အား ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးရှိ Community Center တွင် ခရီးသည်တင်ဘတ်စ်ကားများ လိုက်နာရန် စည်းကမ်းချက်များအကြောင်း ခေါင်းစဉ်ဖြင့် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ပိုပိုအောင်က ဘတ်စ်ကားမောင်းနှင်သည့် ယာဉ်မောင်းများအနေဖြင့် သိရှိလိုက်နာမောင်းနှင်ရမည့် အချက်များ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို အလေးထား မောင်းနှင်တတ်သည့် ယာဉ်မောင်းများ ပြည်သူများ၏ အသက်ဘေးအန္တရာယ်လုံခြုံစိတ်ချ မောင်းနှင်ကြစေရေးနှင့် လိုက်နာရန် အချက် ၁၃ ချက်အား လည်းကောင်း၊ ရုပ်သံကျွမ်းကျင်- ၃ (ပြ) ဦးကိုကိုအောင်က ယာဉ်အန္တရာယ်မဖြစ်စေရေးနှင့် ယာဉ်မောင်းများ ဂရုတစိုက် လိုက်နာမောင်းနှင်ရမည့် အချက် ၁၀ ချက်အား အပြန်အလှန် ဆွေးနွေးပေးခဲ့ကြသည်။
အဆိုပါ အသိပညာပေး Talk Show အား We love Sukali Page တွင် အချိန်နှင့်တစ်ပြေးညီ တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည် ။
ပိုပိုအောင်