ကလေး၊ ဇန်နဝါရီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌“ကျောင်းနှင့်ဘဝဆက်စပ်ပြင်ဆင်ကြ”စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့ နံနက်ပိုင်းက Book Club အဖွဲ့ဝင်များဖြင့် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါဆွေးနွေးပွဲတွင် Book Club အဖွဲ့ဝင် စာပေဝါသနာရှင် ဦးကျော်ဝင်းအောင်က ဒေါက်တာသိန်းလွင် (ပညာရေးစိတ်ပညာပါရဂူ) ရေးသားသည့် “ကျောင်းနှင့်ဘဝဆက်စပ် ပြင်ဆင်ကြ” စာအုပ်တွင်ပါဝင်သော" ပျော်ရွှင်သော ကလေးတွေဖြစ်လာအောင် ဘယ်လိုပြုစု ပျိုးထောင်ကြမလဲ ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် စာပေချစ်သူများက အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ကလေးခရိုင်လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေး စာဖတ်ဝိုင်းများအပြင်ဌာဆိုင်ရာမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲများကို အပတ်စဉ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကလေး(ပြန်/ဆက်)